ခက်ဆစ်အလွဲများ
- - - - - - - - - - - -
လူညီရင် "ဤ" ကို "ကျွဲ" ဖတ်တဲ့ အသက်ကြီးလေ စကားမပီလေပဲ
နိစ္စဓူဝ ဖုန်တွေကလည်း မွှန်လိုက်တာ
ကိုယ်ရော စိတ်ပါ ချောင်း တဟွတ်ဟွတ်
နိစ္စဓူဝ ဖုန်တွေကလည်း မွှန်လိုက်တာ
ကိုယ်ရော စိတ်ပါ ချောင်း တဟွတ်ဟွတ်
ကံ ကံ ၏ အကျိုးထက် ထမင်း သုံးနပ်ကို
ငဲ့ကွက်နေရတဲ့ အဖြစ်တွေ
ဘယ်တရားနဲ့ ဖြေ ဖြေ မရဘူး ၊
တချို့ ဝဋ်နာကံနာတွေက လည်း အိပ်ကပ်ထဲ သွားလေရာပါ
ငဲ့ကွက်နေရတဲ့ အဖြစ်တွေ
ဘယ်တရားနဲ့ ဖြေ ဖြေ မရဘူး ၊
တချို့ ဝဋ်နာကံနာတွေက လည်း အိပ်ကပ်ထဲ သွားလေရာပါ
ပုံသေ နေတဲ့ ပုံသေ နည်းတွေနဲ့ ကျုပ်ကိုလာမတိုင်းစမ်းပါနဲ့
ကျုပ် ဖိနပ် အောက်မှာ
ခင် ဗျားတို့ မ လျှောက်ဖူးတဲ့ လမ်းတွေရှိတယ်
ခင် ဗျားတို့ မ ရောက်ဖူးတဲ့ စခန်းတွေရှိတယ် ..
ကျုပ် ဖိနပ် အောက်မှာ
ခင် ဗျားတို့ မ လျှောက်ဖူးတဲ့ လမ်းတွေရှိတယ်
ခင် ဗျားတို့ မ ရောက်ဖူးတဲ့ စခန်းတွေရှိတယ် ..
ဘဝမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရတာဆိုလို့
ဗိုလ်ကျားသေနတ် ပဲရှိခဲ့တယ်
လိမ္မာတယ် လို့ သမုတ် ခံရဖို့
ကိုယ့်ကို ကိုယ် သတ်သေ သွားတဲ့ ဆန္ဒတွေ
အလောင်းချင်းထပ်နေတဲ့ အကြောင်း ခင်ဗျားတို့ကိုရှင်းမပြချင်ဘူး
ဗိုလ်ကျားသေနတ် ပဲရှိခဲ့တယ်
လိမ္မာတယ် လို့ သမုတ် ခံရဖို့
ကိုယ့်ကို ကိုယ် သတ်သေ သွားတဲ့ ဆန္ဒတွေ
အလောင်းချင်းထပ်နေတဲ့ အကြောင်း ခင်ဗျားတို့ကိုရှင်းမပြချင်ဘူး
တချို့ ကလက်ညိုးထိုးတယ် တချို့ က မျက်စောင်းထိုးတယ်
ကိုယ်က တော့ သူတို့ ကို ကလိထိုးချင်တယ်
မပျော်ဘဲနဲ့ ရယ်နေရတဲ့ ဒုက္ခ သိစေချင်ရုံ ။
ကိုယ်က တော့ သူတို့ ကို ကလိထိုးချင်တယ်
မပျော်ဘဲနဲ့ ရယ်နေရတဲ့ ဒုက္ခ သိစေချင်ရုံ ။
#လွတ်ငြိမ်း
No comments:
Post a Comment