Monday, October 31, 2016

ငါဘာကိုမှ ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ

ငါဘာကိုမှ ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ ……
-------------------------------------------------

သမီး သူမကိုပဲယူမယ်။ စကားအဆုံးမှာအဖေက ထမင်းစားခန်းထဲက ထထွက်သွားတယ်။
အိမ်ရှေ့ ခန်းက တီဗီ ဇာတ်လမ်းတွဲတစ်ခု
မှာ ဒိုင်ကြောင်တွေ တရဇာတ် သုံးစွဲနေတဲ့
ဇာတ်လမ်းတစ်ခု လာနေတယ်။ အဖေချသွားတဲ့ ဇွန်းနဲ့ ခရင်းဟာ မနေ့ က
ကဖီဆိုင်ပေါ်က ဇွန်းနဲ့ ခရင်းနဲ့ ပုံစံတူပဲ။
လိင်ပိုင်းဆိုင်ရာ အာသီသတွေကို ထုတ်ဖော်ပြောဆိုခြင်းက လိင်တူဆက်ဆံမှု
လိုပဲ ရှက်စရာကောင်းတယ်တဲ့ ။
ငါ့တစ်ကိုယ်ရည် အာသာဖြေ စိတ်က
အကုသိုလ်ပဲလား ။ အလုပ်က ကောင်မလေးတွေကိုရင်ခုန်တယ် ။
စကတ်အကွဲကြောင်းအောက်က ပေါင်တွင်းသားနုနုလေး တွေ ။ နှုတ်ခမ်းနီ
အရောင်ဖျော့ဖျော့လေးတွေ တင်ထားတဲ့
နှုတ်ခမ်းလေးတွေ ။ သွယ်နေတဲ့ မေးရိုးပေါ်က ပန်းနုရောင် ပါးနီ အနံ့ တွေ။
ငါ့ ဝမ်းတွင်းထဲက လှိုက်ပြီး ရင်ခုန်တယ်။
Jasmine tea လက်ဖက်ရည် တစ်ခွက်
လောက်နဲ့  ကောင်မလေးတွေကို မြူစွယ်ဖို့ 
မင်းဘယ်တော့မှ မကြိုးစားနဲ့  ။
ခပ်ငယ်ငယ်အရွယ်က ရွယ်တူကောင်လေး
သူငယ်ချင်းတစ်ယောက် အဲ့လို ပြောတာ
မှတ်မိတယ်။ သူအတွက်တော့
ငါက မထူးဆန်းပါဘူး တဲ့။ သူ့ နဲ့ 
Jasmine tea ပူပူတစ်ခွက်သောက်ခဲ့ရမှာ။
တောင်တန်းတွေဆီကနေ နီယွန်မီးရောင်စုံ
တွေ အယ်အီးဒီ ဆိုင်းဘုတ်ပြားတွေ
တစ်လျှောက်တပ်ထားတဲ့ မြို့ တွေအစုံ
ရောက်ခဲ့တယ် ။ ငါအတူတူအိပ်ဖို့ ကြိုးစားခဲ့
အတူတူအိပ်ခဲ့တဲ့ လူတွေအကုန် မိန်းကလေးတွေချည်း ။ ဒါအဖေသိစေချင်တယ် ။
ငါရဲ့ လိင်တူတပ်မက်မှုမှာ ဘယ်သူကို မှ ထိခိုက်မှုမရှိဘူးဆိုတာ ။ အဖေက အလုပ်မှာ
အရှက်ရတယ် သူ့ ကိုသူ အာရုံမစိုက်နိုင်
တော့ဘူး လို့ စာတစ်စောင် ပို့ လာရှာတယ် ။
ငါက ငါ့မိန်းကလေး အဖော်နဲ့ ချစ်တင်းနှော
နေတုန်း ။ ဟိုး အထပ် ၅၀က သံတိုင်တစ်ခု
ကိုတွဲလွဲခိုနေတဲ့ စပိုက်ဒါမန်းကို
ပန်းနုရောင် ဂါဝန် ဝတ်ထားတဲ့
ချစ်စရာကောင်မလေးက ကြိုက်ခွင့်မရှိဘူးပေါ့ ။ ငါဘာကိုမှ
ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ …
တံခါကို ဆောင့် ပိတ်ပစ်လိုက်တယ် ။
လိင်တူညစ်ညမ်း Video တစ်ခု ဖွင့်ထားတယ်။ အဲလ်ဗက် ပရက်စလေ သီချင်း
တစ်ပုဒ် ရေဒီယိုက လာနေတယ် ။
အားလုံးက သောက်အစီအစဉ်မကျဘူး ။
သောက်အစီအစဉ်ကျတယ် ဆိုတာကရော
ဘာလဲ ။ အရင်းရှင် စနစ်ကသူတို့ အလိုကျ
စီးပွားရေး ထုတ်ကုန်တွေ တိုးချဲ့ လာနိုင်
အောင် မင်းတို့ ကို သားပေါက် လုပ်ငန်း
တစ်ခုလို အသုံးချခဲ့တာ ။ ငါလိင်မတူတဲ့
လူတစ်ယောက်နဲ့ ဆက်ဆံ လိုက်ရုံနဲ့ 
သဘာဝ ကျသွားပြီ မထင်လေနဲ့  ။
သောက်သမိုင်း တွေကလဲ မင်းတို့ လို
နလပိန်းတုံးတွေ ယုံကြည်နိုင်စရာ
လိမ်ဆင်တွေပေါ့ ။ ဝိုင်တစ်ခွက် လာပေးတဲ့
ကောင်မလေးနဲ့ ဝိုင်ခွက်လှမ်းယူလိုက်တဲ့
ကောင်မလေး ဟိုတယ် ခန်းထဲမှာ
ရေတူတူချိုးကြတယ် ။ ဒါကို သဘာဝကျတယ် ခေါ်တယ်လို့ 
အဖေ့ဆီ နောက်ဆုံးစာလှမ်းပို့ လိုက်တယ်
အမြန်ကျန်းမာပါစေ ဆုတောင်းပါတယ် ။
ငါ့ဖြစ်တည်ရှိနေခြင်းကို အမှန်အမှားဘာနဲ့ငြင်းမလဲ။
ငါဘာကိုမှ ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ ……။

#မိုင်း
30.10.16
1:02

No comments:

Post a Comment