မဖြေတဲ့အခါ မေးရခက်လိုက်တာ။
တစ်ချိန်ကျရင် မနက်ထမင်းကြော်လေးစားချင်လိုက်တာလို့ ညည်းတွားဖို့ မရှိတော့ဘူး။
ဘဝက ပိုးကိုက်လောက်ကိုက်သစ်သီးလိုပဲ၊ မှည့်ရွှန်းပေမယ့် စားမရ။
အလုပ်တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကို ဂုဏ်ပြုပါတဲ့၊ ဘာမှ မပြီးမြောက်တဲ့ အခါ တစ်ကိုယ်ရည်ညစာစားပွဲတက်ဖို့တောင်
ငါ့မှာ ဝတ်စုံ မရှိရှာဘူး။
ကြယ်မြင်လမြင် မြင်ရပေမယ့် သွားမရ။
ငါတို့က မပုပ်မသိုးတော့မယ့် သိုးတွေတဲ့လား။
သြော်..မဖြေတဲ့အခါ မေးရခက်လိုက်တာ။

ရိုးလူ
No comments:
Post a Comment