Monday, October 31, 2016

ချဉ်ပေါင်ကြော်၊ ကြက်သားကြော်၊ လက်ဖက်သုပ်၊ ကြက်ဥပြုတ်
(ထိုအရာသည် ထမင်းချိုင့်ဖြစ်သည်။)
ရထား
ပြတင်းပေါက်ဘေးခုံ
လယ်ကွင်း
ဓာတ်တိုင်
ဓာတ်ကြိုး
ပုစဉ်း
စာကလေး
သံလမ်းကွေ့ချိန် ရထားခေါင်းတွဲ
ရထားဥသြ
မြို့
ရွာ
တဲ
တိမ်
တော
တောင်
နေကွယ်
လေအေး

ကြယ်

ပိုးစုန်းကြူး
ဘူတာဟောင်းကလေး
(အိမ်) ဟု ဆေးမည်းဖြင့်ရေးထားသည့် အဖြူခံခပ်ယိုင်ယိုင်ဆိုင်းဘုတ်လေးအနားတွင် မှိန်တုတ်တုတ်အလင်းဆောင်သောမီးတိုင်လေးတစ်ခုရှိပြီး ၄င်းပတ်ဝန်းကျင်တွင် ပင်စည်တစ်ဝက်ဆေးဖြူသုတ်ထားသော သက်တမ်းရင့်သစ်ပင်အိုများ လေသံတရှဲရှဲမြည်လျက်ရှိသည်ကလွဲ၍ ထိုမြို့ငယ်ကလေး၏ အဝင်သည်သွေ့ဆိတ်ချမ်းကုပ်စွာရှိတတ်သည်။

Admin -ည

No comments:

Post a Comment