Sunday, October 30, 2016

ဘဝထဲ ချစ်ခြင်းမေတ္တာ ဝင်ရောက်လာတဲ့အခါ
လူတစ်ယောက်လက်ကို
ငတုံးတစ်ကောင်လို မထိမကိုင်ရက်ရုံ
သူ့ နားရွက်အဖျားနားလေးကို ကိုယ့်နှာခေါင်း
ထိပ်လေးနဲ့  ရုတ်တရက် ထိမိလိုက်ရုံ
သူ့ အိမ်ရှေ့ လမ်းပေါ်မှာ ကိုယ်ဘယ်လောက်
ချစ်ကြောင်းကို လိုတာထက် ပိုသုံးစွဲခဲ့ရုံ
ဘာမှမထူးဆန်းတဲ့ ချစ်ခြင်းတရားဟာ
ကိုယ်သူ့ ကို ဘယ်လောက်ချစ်ကြောင်း
သူယုံကြည်နေရုံ
လေတွေက ပြေပြေလေးတိုက်မှာလား
အင်မတန် ပြင်းထန်မလား
ကိုယ်တို့ က ငြိမ်ငြိမ်လေး
စောင့်ကြည့်နေရုံ ။

Admin - မိုင်း

No comments:

Post a Comment