Sunday, October 30, 2016

မျက်လုံးထဲမှာ အသေ
နှစ်ကာလများကို ကန့်လန့်ဖြတ်ပြေးခဲ့
အလင်းရဲ့အဟုန်နဲ့ ။
တွင်းနက်ကနှုတ်ဆက်တော့
ရုတ်တရက်ထုံသွားတယ်
သူရပ်လိုက်တော့ နှစ်ကာလများဟာ သူ့ကို ကျော်ဖြတ်နေခဲ့။
သူ့ရဲ့အရှိန်နဲ့အဟုန်ဟာ
တစ်ချိန်လုံး တွင်းနက်ရဲ့ စုပ်ယူမှုကို ပိုအားဖြစ်စေခဲ့
သူဟာ ဝေးဝေးပြေးသူမဖြစ်ခဲ့ဘဲ
သူ့အဟုန်နဲ့သူ တွင်းနက်ဆီ အနီးဆုံး အမြန်ဆုံးပြေးသူ ဖြစ်ခဲ့လေရဲ့။

Admin -ည

No comments:

Post a Comment