Sunday, November 6, 2016

တောင့်

တောင့်

အချိန်မရွေး တောင့်လာနိုင်တာ။
ဒါကို အဆင်ပြေတယ် မပြေတယ် မပြောလိုဘူး
အခွေကြည့်တယ် ဒါဟာ တောင့်စရာပဲ
ဖုရင် ထစ်ရင် ပိုတောင် တောင့်တယ်
တောင့်ရတဲ့အကြောင်းတွေလည်း အများသား
ညီမလေးနဲ့ ကျနော် သူငယ်ချင်းတွေပါ
သူနဲ့တုန်းကလည်း တောင့်တာပဲ
ကိုကြီးနဲ့ ကျနော် မောင်နှမဝမ်းကွဲတွေ
ပိုတောင် တောင့်သေးတယ်
ဘွားတော် (မန်နေဂျာမ) အခန်းထဲ စကားပြောနေရင်းလည်း
တောင့်တယ်
တစ်ခါတစ်လေလည်း ကိုယ့်ဘာသာကိုယ် တောင့်နေတာပဲ
အစားအသောက်တစ်ချို့ ပတ်ဝန်းကျင်တစ်ချို့မှာ ကျနော်တောင့်တယ်
တစ်နေ့ကပဲ ဘတ်စ်ကားတိုးရင်း တောင့်မိသေးတယ်
ရုပ်သံမှာ စစ်သတင်းတွေလာနေတယ် ဒါနဲ့လည်း ကျနော် တောင့်တတ်တယ်
ခွေးတွေပိန်ညှောင်နေတာမြင်ရင် တောင့်လာတယ်
ကလေးမုဒိန်းအကြောင်းတွေကြားရတဲ့အခါမျိုးဆို တောင့်လို့ကိုမပြီးတော့တာ
ဖုန်းနံပါတ်အစိမ်းတွေလာရင် တောင့်တယ်
ကားတွေကြပ်တဲ့အခါ တောင့်တယ်
ဒီလိုအခါမျိုးဆို အငွေ့တွေကို အငမ်းမရ အာသာမပြေ တစ်ရှိုက်မက်မက် ထွေးသာဖက်ထားလိုက်ချင်မိတာမျိုး။
တောင့်တယ် ... လူဖြစ်ရတာ သိပ်ကိုတောင့်တယ်
ငါနဲ့ငါအတည့်နေတာတောင် တစ်ခါတစ်ခါ အတော်တောင့်တယ်
အချိန်မရွေးကို တောင့်လာနိုင်တာ။

No comments:

Post a Comment