Monday, October 31, 2016

ငါဘာကိုမှ ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ

ငါဘာကိုမှ ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ ……
-------------------------------------------------

သမီး သူမကိုပဲယူမယ်။ စကားအဆုံးမှာအဖေက ထမင်းစားခန်းထဲက ထထွက်သွားတယ်။
အိမ်ရှေ့ ခန်းက တီဗီ ဇာတ်လမ်းတွဲတစ်ခု
မှာ ဒိုင်ကြောင်တွေ တရဇာတ် သုံးစွဲနေတဲ့
ဇာတ်လမ်းတစ်ခု လာနေတယ်။ အဖေချသွားတဲ့ ဇွန်းနဲ့ ခရင်းဟာ မနေ့ က
ကဖီဆိုင်ပေါ်က ဇွန်းနဲ့ ခရင်းနဲ့ ပုံစံတူပဲ။
လိင်ပိုင်းဆိုင်ရာ အာသီသတွေကို ထုတ်ဖော်ပြောဆိုခြင်းက လိင်တူဆက်ဆံမှု
လိုပဲ ရှက်စရာကောင်းတယ်တဲ့ ။
ငါ့တစ်ကိုယ်ရည် အာသာဖြေ စိတ်က
အကုသိုလ်ပဲလား ။ အလုပ်က ကောင်မလေးတွေကိုရင်ခုန်တယ် ။
စကတ်အကွဲကြောင်းအောက်က ပေါင်တွင်းသားနုနုလေး တွေ ။ နှုတ်ခမ်းနီ
အရောင်ဖျော့ဖျော့လေးတွေ တင်ထားတဲ့
နှုတ်ခမ်းလေးတွေ ။ သွယ်နေတဲ့ မေးရိုးပေါ်က ပန်းနုရောင် ပါးနီ အနံ့ တွေ။
ငါ့ ဝမ်းတွင်းထဲက လှိုက်ပြီး ရင်ခုန်တယ်။
Jasmine tea လက်ဖက်ရည် တစ်ခွက်
လောက်နဲ့  ကောင်မလေးတွေကို မြူစွယ်ဖို့ 
မင်းဘယ်တော့မှ မကြိုးစားနဲ့  ။
ခပ်ငယ်ငယ်အရွယ်က ရွယ်တူကောင်လေး
သူငယ်ချင်းတစ်ယောက် အဲ့လို ပြောတာ
မှတ်မိတယ်။ သူအတွက်တော့
ငါက မထူးဆန်းပါဘူး တဲ့။ သူ့ နဲ့ 
Jasmine tea ပူပူတစ်ခွက်သောက်ခဲ့ရမှာ။
တောင်တန်းတွေဆီကနေ နီယွန်မီးရောင်စုံ
တွေ အယ်အီးဒီ ဆိုင်းဘုတ်ပြားတွေ
တစ်လျှောက်တပ်ထားတဲ့ မြို့ တွေအစုံ
ရောက်ခဲ့တယ် ။ ငါအတူတူအိပ်ဖို့ ကြိုးစားခဲ့
အတူတူအိပ်ခဲ့တဲ့ လူတွေအကုန် မိန်းကလေးတွေချည်း ။ ဒါအဖေသိစေချင်တယ် ။
ငါရဲ့ လိင်တူတပ်မက်မှုမှာ ဘယ်သူကို မှ ထိခိုက်မှုမရှိဘူးဆိုတာ ။ အဖေက အလုပ်မှာ
အရှက်ရတယ် သူ့ ကိုသူ အာရုံမစိုက်နိုင်
တော့ဘူး လို့ စာတစ်စောင် ပို့ လာရှာတယ် ။
ငါက ငါ့မိန်းကလေး အဖော်နဲ့ ချစ်တင်းနှော
နေတုန်း ။ ဟိုး အထပ် ၅၀က သံတိုင်တစ်ခု
ကိုတွဲလွဲခိုနေတဲ့ စပိုက်ဒါမန်းကို
ပန်းနုရောင် ဂါဝန် ဝတ်ထားတဲ့
ချစ်စရာကောင်မလေးက ကြိုက်ခွင့်မရှိဘူးပေါ့ ။ ငါဘာကိုမှ
ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ …
တံခါကို ဆောင့် ပိတ်ပစ်လိုက်တယ် ။
လိင်တူညစ်ညမ်း Video တစ်ခု ဖွင့်ထားတယ်။ အဲလ်ဗက် ပရက်စလေ သီချင်း
တစ်ပုဒ် ရေဒီယိုက လာနေတယ် ။
အားလုံးက သောက်အစီအစဉ်မကျဘူး ။
သောက်အစီအစဉ်ကျတယ် ဆိုတာကရော
ဘာလဲ ။ အရင်းရှင် စနစ်ကသူတို့ အလိုကျ
စီးပွားရေး ထုတ်ကုန်တွေ တိုးချဲ့ လာနိုင်
အောင် မင်းတို့ ကို သားပေါက် လုပ်ငန်း
တစ်ခုလို အသုံးချခဲ့တာ ။ ငါလိင်မတူတဲ့
လူတစ်ယောက်နဲ့ ဆက်ဆံ လိုက်ရုံနဲ့ 
သဘာဝ ကျသွားပြီ မထင်လေနဲ့  ။
သောက်သမိုင်း တွေကလဲ မင်းတို့ လို
နလပိန်းတုံးတွေ ယုံကြည်နိုင်စရာ
လိမ်ဆင်တွေပေါ့ ။ ဝိုင်တစ်ခွက် လာပေးတဲ့
ကောင်မလေးနဲ့ ဝိုင်ခွက်လှမ်းယူလိုက်တဲ့
ကောင်မလေး ဟိုတယ် ခန်းထဲမှာ
ရေတူတူချိုးကြတယ် ။ ဒါကို သဘာဝကျတယ် ခေါ်တယ်လို့ 
အဖေ့ဆီ နောက်ဆုံးစာလှမ်းပို့ လိုက်တယ်
အမြန်ကျန်းမာပါစေ ဆုတောင်းပါတယ် ။
ငါ့ဖြစ်တည်ရှိနေခြင်းကို အမှန်အမှားဘာနဲ့ငြင်းမလဲ။
ငါဘာကိုမှ ဘယ်သူ့ မှ သောက်ဂရုမစိုက်ဘူး ဝင်ဒီ ……။

#မိုင်း
30.10.16
1:02
ချဉ်ပေါင်ကြော်၊ ကြက်သားကြော်၊ လက်ဖက်သုပ်၊ ကြက်ဥပြုတ်
(ထိုအရာသည် ထမင်းချိုင့်ဖြစ်သည်။)
ရထား
ပြတင်းပေါက်ဘေးခုံ
လယ်ကွင်း
ဓာတ်တိုင်
ဓာတ်ကြိုး
ပုစဉ်း
စာကလေး
သံလမ်းကွေ့ချိန် ရထားခေါင်းတွဲ
ရထားဥသြ
မြို့
ရွာ
တဲ
တိမ်
တော
တောင်
နေကွယ်
လေအေး

ကြယ်

ပိုးစုန်းကြူး
ဘူတာဟောင်းကလေး
(အိမ်) ဟု ဆေးမည်းဖြင့်ရေးထားသည့် အဖြူခံခပ်ယိုင်ယိုင်ဆိုင်းဘုတ်လေးအနားတွင် မှိန်တုတ်တုတ်အလင်းဆောင်သောမီးတိုင်လေးတစ်ခုရှိပြီး ၄င်းပတ်ဝန်းကျင်တွင် ပင်စည်တစ်ဝက်ဆေးဖြူသုတ်ထားသော သက်တမ်းရင့်သစ်ပင်အိုများ လေသံတရှဲရှဲမြည်လျက်ရှိသည်ကလွဲ၍ ထိုမြို့ငယ်ကလေး၏ အဝင်သည်သွေ့ဆိတ်ချမ်းကုပ်စွာရှိတတ်သည်။

Admin -ည

Sunday, October 30, 2016

မျက်လုံးထဲမှာ အသေ
နှစ်ကာလများကို ကန့်လန့်ဖြတ်ပြေးခဲ့
အလင်းရဲ့အဟုန်နဲ့ ။
တွင်းနက်ကနှုတ်ဆက်တော့
ရုတ်တရက်ထုံသွားတယ်
သူရပ်လိုက်တော့ နှစ်ကာလများဟာ သူ့ကို ကျော်ဖြတ်နေခဲ့။
သူ့ရဲ့အရှိန်နဲ့အဟုန်ဟာ
တစ်ချိန်လုံး တွင်းနက်ရဲ့ စုပ်ယူမှုကို ပိုအားဖြစ်စေခဲ့
သူဟာ ဝေးဝေးပြေးသူမဖြစ်ခဲ့ဘဲ
သူ့အဟုန်နဲ့သူ တွင်းနက်ဆီ အနီးဆုံး အမြန်ဆုံးပြေးသူ ဖြစ်ခဲ့လေရဲ့။

Admin -ည
ဘဝထဲ ချစ်ခြင်းမေတ္တာ ဝင်ရောက်လာတဲ့အခါ
လူတစ်ယောက်လက်ကို
ငတုံးတစ်ကောင်လို မထိမကိုင်ရက်ရုံ
သူ့ နားရွက်အဖျားနားလေးကို ကိုယ့်နှာခေါင်း
ထိပ်လေးနဲ့  ရုတ်တရက် ထိမိလိုက်ရုံ
သူ့ အိမ်ရှေ့ လမ်းပေါ်မှာ ကိုယ်ဘယ်လောက်
ချစ်ကြောင်းကို လိုတာထက် ပိုသုံးစွဲခဲ့ရုံ
ဘာမှမထူးဆန်းတဲ့ ချစ်ခြင်းတရားဟာ
ကိုယ်သူ့ ကို ဘယ်လောက်ချစ်ကြောင်း
သူယုံကြည်နေရုံ
လေတွေက ပြေပြေလေးတိုက်မှာလား
အင်မတန် ပြင်းထန်မလား
ကိုယ်တို့ က ငြိမ်ငြိမ်လေး
စောင့်ကြည့်နေရုံ ။

Admin - မိုင်း

တံခါးခေါက်ပါ၊ရပ်စောင့်ပါ (သို့) ဆဲရေးခဲ့ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဲဒီလိုသာ ရိုးရှင်းခဲ့ပါ။

တံခါးခေါက်ပါ၊ရပ်စောင့်ပါ (သို့) ဆဲရေးခဲ့ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဲဒီလိုသာ ရိုးရှင်းခဲ့ပါ။

ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် စိတ်ကြိုက်ဖန်တီးခွင့်ရတဲ့ မှော်ဆရာတွေ ဖြစ်နိုင်ပါရဲ့။

ဘဝဟာ မင်းရှုပ်ထွေးစေချင်ရင် လှည့်စားမှုတွေ၊ မာယာတွေ အပြည့်နဲ့ မင်းကို ကြိုမှာ ဖြစ်သလို
အဖြောင့်အတိုင်း မြင်တတ်ရင်လည်း ဘဝဆိုတာ သိပ်စင်းလွန်းပါတယ်။

မင်းနဲ့ ကိုယ့်ကြားက ဆက်သွယ်မှုကြားမှာ ရှိနေတတ်တာ တံခါးနှစ်ချပ်တည်းရယ်ပါ။
မင်းဝင်လာချင်တယ် ထင်ရင် ကိုယ့်ဘက်က တံခါးဖွင့်ထားလိုက်မယ်။
မင်း မလာချင်ပေမယ့် ကိုယ်တွေ့ဖို့ စိတ်ပါတဲ့ အခါ
မင်းရဲ့ တံခါးဝအရောက် ကိုယ်လျှောက်လာခဲ့မယ်။ မင်းရဲ့ တံခါးကို ညင်သာဖွဖွ ခေါက်မယ်။
မဖွင့်တော့လည်း ..
ကိုယ် စောင့်နိုင်တဲ့ အထိ စောင့်မယ်။
မစောင့်နိုင်ရင် လှည့်ပြန်ခဲ့ရုံ။ မကျေနပ်ချက်ကို ဖော်ပြဖို့ အတွက်လည်း တံခါးချပ်ကို တစ်ချက်ဆော့င်ကန်ခဲ့ရုံပါပဲ။

ကိုယ့်ဘက်ကလည်း တံခါးဖွင့်ထားတာ ကြာပေမယ့် မင်းရောက်မလာတဲ့ အခါ
"အပြင်လေတွေက သိပ်အေးစက်လွန်းတယ်" အဲ့ဒီလို ဆိုပြီး တံခါးပြန်ပိတ်ထားလိမ့်မယ်။
မင်းရောက်လာချင်တဲ့ချိန်ကျမှ ရောက်လာရင်တော့ ...မင်းလည်း သူများ နည်းတူ တံခါးခေါက်ပါ၊ ရပ်စောင့်ပါ။
တခြားတစ်ယောက်မှတ်လို့ တံခါး မဖွင့်ပေးတော့တဲ့ အခါ ကိုယ့်ကို နားလည်ပါ။
ဒါမှ မဟုတ်လည်း နာနာကျင်ကျင် ဆဲရေးခဲ့ပါ။

ဒီလိုနဲ့ပဲ ကိုယ်တို့တွေ ဇာတ်လမ်း ... တံခါးနှစ်ချပ်ကို ကျောမှီရပ်ရင်း အဆုံးသတ်ကြမယ်လို့လည်း မထင်ခဲ့နဲ့။
မိုးရွာလို့ ..
နှင်းကျလို့ ....
အပြင်းဖျားလို့ ....နဲ့ အပြင်မထွက်မိတဲ့ နေ့တွေလည်း ရှိမယ်။
ဒါပေမယ့်..နေသာတဲ့ တစ်နေ့ နှစ်ယောက်လုံး စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ကြတဲ့ အခါမျိုးမှာ
အဲဒီလို ကိုယ်တို့ကြား တံခါးတွေ မခြားတော့တဲ့ အခါမျိုးမှာလည်း
ကိုယ်တို့ ပြန်ဆုံတွေ့ခွင့်ဟာ ဆက်...ရှိ..နေ..ဦး..မှာ။
ရိုးလူ

သိရက်နဲ့ကို

သိရက်နဲ့ကို
========

သိရက်နဲ့ ကို.... အညာခံခဲ့တာပါကွယ်..
မင်း..ကိုယ့်ကို လှည့်ဖြားဖို့..ခေါင်းခြောက်အောင် စဉ်းစားဖို့ မလိုပါဘူး။
ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့ မင်းအတွက်
မင်းပစ်ချသွားတဲ့ နေရာမှာ ကိုယ် ကြည်ကြည်ဖြူဖြူနေတတ်ခဲ့ပါတယ်...။

တန်ဖိုးသိတဲ့ သူက ကောက်၊ ရွှေဘုံပေါ် တင်မြှောက်လိမ့်မပေါ့...။
ဘ၀ဟာ စက်ဝိုင်းလို သံသရာမလည်တတ်ဘူးဆိုရင်တောင်
စတုရန်းဆိုလဲ ဆုံမှတ်တော့ ရှိမှာပါပဲ..။

အဲဒီကျမှ..
နောင်တတွေ တစ်ပွေ.တစ်ပိုက်နဲ. မင်းမျက်နှာကို
တစ်ချက်လောက် နမ်းမွှေး၊ ကိုယ် ကျေအေးပေးလိုက်ချင်လို့ ......။

ရိုးလူ

မဖြေတဲ့အခါ မေးရခက်လိုက်တာ။

မဖြေတဲ့အခါ မေးရခက်လိုက်တာ။
တစ်ချိန်ကျရင် မနက်ထမင်းကြော်လေးစားချင်လိုက်တာလို့ ညည်းတွားဖို့ မရှိတော့ဘူး။
ဘဝက ပိုးကိုက်လောက်ကိုက်သစ်သီးလိုပဲ၊ မှည့်ရွှန်းပေမယ့် စားမရ။
အလုပ်တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကို ဂုဏ်ပြုပါတဲ့၊ ဘာမှ မပြီးမြောက်တဲ့ အခါ တစ်ကိုယ်ရည်ညစာစားပွဲတက်ဖို့တောင် 
ငါ့မှာ ဝတ်စုံ မရှိရှာဘူး။
ကြယ်မြင်လမြင် မြင်ရပေမယ့် သွားမရ။
ငါတို့က မပုပ်မသိုးတော့မယ့် သိုးတွေတဲ့လား။
သြော်..မဖြေတဲ့အခါ မေးရခက်လိုက်တာ။

ရိုးလူ
နာရီတွေလည်နေတဲ့အသံနဲ့ ကျနော်နဲ့ မတည့်ဘူး
ဒါကို တစ်ခုခု ကွဲအက်နေတဲ့ အသံလို့ ကျေနာ့်နားက ထင်နေတယ်


Admin : ည